Tant Kyi Taung Sayadaw's seventh 7 days A Date Htan Pwe (Meditation Retreat) has been successfully completed @Poh Ern Shih Temple, Singapore from 13-Jun-15 to 20-Jun-15. Thank you very much for all participating yogis, donors and volunteers.

Biography of Tant Kyi Taung Sayadaw

တန့်ကြည့်တောင် ရန်အောင်ချမ်းသာ ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိလောင်းလျာကို မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မယ်ဇလီပင်တန်းအုပ်စု၊ လှည်းချောင်းပေါက်ရွာကလေးတွင် ဦးကျော်ခိုင်၊ ဒေါ်စောခင် တို့မှ ၁၂၉၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁) ရက်
(၂၇-၀၉-၁၉၃၅ ) သောကြာနေ့တွင် ဖွားမြင်ခဲ့ပါသည်။

အသက် (၁၀) နှစ်တွင် သာမဏေ၀တ်ပြီး အသက် (၂၀)၊ ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း (၁၃) ရက်နေ့တွင် ဆရာတော်ဘဒ္ဒန္တ အရိယကို ဥပဇ္ဈာယ်ပြု၍မယ်ဇလီကုန်း
ရွာကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ပါသည်။

ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ မန္တလေးမြို့ နောက်ခင်မကန်တိုက်၊ မန္တလေးမြို့ ချမ်းသာကြီးတိုက်၊ မန္တလေးမြို့ မိုးကောင်းတိုက်၊ မန္တလေးမြို့ တောင်ပြင်ထီးလင်းတိုက် ဆရာတော်တို့အထံ၌ စာပေသင်ယူခဲ့ပါသည်။

သာမဏေဘ၀ ၁၆-၁၇ နှစ်များတွင် အစိုးရ ပထမငယ်တန်း နှင့် ပထမလတ်တန်း
တို့ကို အောင်မြင်ခဲ့ပါသည်။

ရဟန်း (၁၀) ၀ါ မှ (၁၅) ၀ါအတွင်း မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဇီးပင်တောရကျောင်း၌ ရဟန်းသာမဏေများအား စာပေပို့ချခဲ့ပါသည်။

ဇီးပင်တောရကျောင်း၌ စာချရင်း အာနာပါနကမ္မဋ္ဌာန်းကို
(၅)၀ါတိတိအားထုတ်ခဲ့ပါသည်။

၁၉၇၀ ပြည့်နှစ်၊ သက်တော် (၃၅)နှစ်တွင် မုံရွာ၊ မိုးညှင်း နှင့် ကျောက်ဆည်ဝေဘူချောင် တို့၌ ၀ိပဿနာတရားကို (၁၀) ရက်ခန့်စီ လေ့လာပြီးနောက် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ (၄)လမျှ သတိပဋ္ဌာန်တရားကို အားထုတ်ခဲ့ပါသည်။

၁၉၇၁ ခုနှစ်နှင့် ၁၉၇၂ ခုနှစ်တို့တွင် (၂)နှစ်တိတိ ဇီးပင်တောရ၌ စကားမပြော တရားမဟောဘဲ ရွာအသီးသီးသို့ နေ့စဉ်အလှည့်ကျဆွမ်းခံကြွလျက် သတိပဋ္ဌာန် တရားကို အားထုတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်တို့တွင် ဇီးပင်တောရ၌ပင် သတိပဋ္ဌာန်တရားကို ဟောကြားခဲ့ပါသည်။

၁၉၇၅ ခုနှစ်တွင် ပခုက္ကူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၏ လမ်းညွှန်
မိန့်ကြားမှုအရ တန့်ကြည့်တောင်၌ နှစ်စဉ်ဝါကပ်ခဲ့သည်မှာ ယခုတိုင်ပင်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို၊ ဘာကလေမြို့၊ တိဗက်လားမားဘုန်းတော်ကြီး မစ္စတာ တာသံတူလ်ကူ၏ ပင့်လျှောက်ချက်အရ ၁၉၈၈ ခုနှစ်၊ ဧပြီလ၊ မေလ၊ ဇွန်လများတွင်ကြွရောက်၍ မြတ်ဗုဒ္ဓ၏ ထေရ၀ါဒဓမ္မ သတိပဋ္ဌာန်
ဝိပဿနာ တရားတော်များကို ဟောကြားပြသခဲ့ပါသည်။

ယင်းနှစ် ဇူလိုင်လတွင် အမေရိကန်ရှိ မြန်မာနွယ်ဖွား ဗုဒ္ဓဘာသာဝင်များပိုင်ဆိုင်သော အဇူဇာဗြဟ္မ၀ိဟာရကျောင်း Progressive Buddhist Association ကို ဆရာတော်အား လှူဒါန်းအပ်နှံသဖြင့် နှစ်စဉ်ကြွရောက် တရားပြသလျက်ရှိပါသည်။

စင်္ကာပူနိုင်ငံ၌ ပထမအကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၀၈ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ ဒုတိယအကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၀၉ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ တတိယအကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၁၀ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ စတုတ္ထ အကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၁၁ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ ပဉ္စမအကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၁၂ ခုနှစ် ဇွန်လတွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ ဆဋ္ဌမအကြိမ် (၇) ရက် အဓိဋ္ဌာန်ပွဲကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ကျင်းပရန် စီစဉ်လျက်ရှိပါသည်။

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့၊ ပုဂံမြို့၊ မိုးကုတ်မြို့၊ ဖျာပုံမြို့၊ ၀မ်းတွင်းမြို့၊ တောင်ကြီးမြို့များတွင်ရှိ တန့်ကြည့်တောင် ၀ိပဿနာရိပ်သာ များတွင် နှစ်စဉ်အဓိဋ္ဌာန်ပွဲများ ဖွင့်လှစ်၍ တရားပြသလျက်ရှိပါသည်။

The "Mind" Discourse

The Methodical Practice of Stipatthana

The Berkele Discourse (In Myanmar Language and English Language)

Sasana's Traveller (In Myanmar Language)